Typing DashTyping Dash

သင့် ကလေးငယ်ကို စာရိုက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်စေချင်ပါသလား? ရိုးရှင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီဂိမ်းလေးမှာ ကလေးငယ်တွေရဲ့ဖုန်းနှင့်စာရိုက် အရည်အချင်းကို မြှင့်တင်လိုက်ပါ..။

Google Play Direct Download App Store
iPhone

SCREENSHOTS

App Screenshot
App Screenshot
App Screenshot
App Screenshot
App Screenshot

FEATURES

  • သင့် ကလေးငယ်ကို စာရိုက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်စေချင်ပါသလား? ရိုးရှင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီဂိမ်းလေးမှာ ကလေးငယ်တွေရဲ့ အရည်အချင်းကို မြှင့်တင်လိုက်ပါ..။


    ဒီဂိမ်းလေးဟာ ပျော်ရွှင်စရာ စာရိုက်နည်း ဂိမ်းလေးဖြစ်ပါတယ်။ ဂိမ်းထဲတွင် သူငယ်တန်း မှ တတိယတန်း ထိ အတန်း ၄ တန်း ထဲမှ သက်ဆိုင်ရာ အင်္ဂလိပ်စကားလုံးများစွာ ပါဝင်ပါတယ်..။ ကလေးငယ်များအကြိုက် ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုပုံစံလေးများ နဲ့ မှန်ကန်တဲ့ အသံထွက်လေးများ ပါရှိပါတယ်..။ 

    ဒီ ဂိမ်းကစားနည်းလေးက သင့်ကလေးငယ်များရဲ့ စာရိုက်နိုင်တဲ့ စွမ်းရည်ကို မြန်ဆန်လာအောင် ပြုလုပ်ပေးပါလိမ့်မယ် ပြီးတော့ အင်္ဂလိပ်စာလုံးလေးတွေကိုလဲ အမှားမရှိအောင် မှတ်မိနေပါလိမ့်မယ်။

    အဆင့်များကို ကျော်ဖြတ်ရန် အသက်ပြန်ဖြည့်တဲ့ ပါ၀ါ ၊ စာလုံးအားလုံးကို ရေခဲ စေတဲ့ ပါ၀ါ ၊ စာလုံးများကျတဲ့အရှိန် လျော့ပေးတဲ့ ပါ၀ါ အစရှိတဲ့ ဘု(စ်)ပါ၀ါတွေကို အသုံးပြုပြီး ပျော်ရွှင်စွာ ဆော့ကစားနိုင်ပါတယ်..။

    အခက်အခဲ အဆင့်ဆင့်ကို ကျော်ဖြတ်ရင်း အင်္ဂလိပ်စာ စကားလုံးများကို ပျော်ရွှင်စွာ သင်ယူလိုက်ပါ..။


    ပါဝင်မှုများ

    -သူငယ်တန်း မှ တတိယတန်း ထိ အင်္ဂလိပ်စကားလုံးများ ပါဝင်ခြင်း

    -အခန်းကြီး ၄ ခန်း ပါဝင်ပြီး အခန်းလေး ၃၆ ခန်း ပါဝင်ခြင်း

    -ဘု(စ်)ပါ၀ါ များ အဆင့်မြှင့် ကစားနိုင်ခြင်း

    - ပါ၀ါများကို အဆင့့်မြှင့်နိုင်ခြင်း

    - အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ (၂) မျိုးပါဝင်ခြင်း

    -လေ့လာမှုဇယား ပါဝင်ခြင်း


    လေ့လာမှုဇယား

    အတန်း တစ်တန်းချင်းစီတွင် ကလေးငယ်များ လေ့လာထားမှုများကို မိဘများ ကြည့်ရှုနိုင်ရန် လေ့လာမှုဇယား ပါဝင်ပါတယ်။ ကလေးငယ်များ စကားလုံး အရေအတွက် ဘယ်လောက် မှန်သလဲ ၊ စကားလုံး အရေအတွက် ဘယ်လောက် မှားသလဲ ပြီးတော့ အချိန် ဘယ်လောက်ကြာကြာ ဆော့ထားသလဲ ၊ ကစားချိန် ဘယ်လောက် ကြာသလဲဆိုတာ အသေးစိတ် ကြည့်ရှုနိုင်ရန် ထည့်သွင်းပေးထားပါတယ်။


    ကလေးတို့ရွာ၏ စာရိုက်လုလင် ဂိမ်းလေးကို ကစားခြင်းဖြင့် ကလေးငယ်များ အင်္ဂလိပ်စာကို ယခင်ကထက် ပိုမိုစိတ်ပါဝင်စားလာပြီး စာရိုက်စွမ်းရည်ကို အရင်ကထက် ပို၍ မြန်ဆန်လာတာမယ်လို့ မျှော်လင့်ပါတယ်။


    Like Us On Facebook:

    https://www.facebook.com/childrenvillagegames

DOWNLOAD NOW

Playstore Direct Download App Store